Basic Electronic Engineering (Measurements) Vol-1 [ကိုမျိုး (အီလက်ထရောနစ်)]
BASIC ELECTRONIC ENGINEERING (MEASUREMENTS)
===================
Basic Electronic Engineering (Measurements) Volume 1 စာအုပ်သည်အီလက်ထရောနှစ်ကျောင်းသားသူများ အီလက်ထရောနစ်ဝါသနာရှင်များ၊ စက်ပြင်ဆရာများနှင့် အီလက်ထရောနှစ်ဆိုင်ရာပစ္စည်းများထုတ်လုပ်သောသူများအတွက် Measurements ပိုင်းဆိုင်ရာ အခြေခံတိုင်းတာနည်းများအား သိရှိစေရန် ရည်ရွယ်ရေးသားထားခြင်းဖြစ်ပါတယ်။
- Measurements ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိကြသော Oscilloscope ၊ Digital Multimeter DC Power supply နှင့်
Logic Analyzer စသော Instruments များ၏ တိုင်းတာအသုံးပြုပုံကို သိရှိစေရန်ရေးသားဖော်ပြထားခြင်းဖြစ်ပါတယ်။
- Oscilloscope စတင်အသုံးပြုရန် ခက်ခဲနေသောသူများနှင့် မိမိလက်ထဲတွင် Osilloscope မရှိသော်လည်း ၄င်းနှင့် ပတ်သက်သော အသုံးပြုပုံများအား သိရှိလိုသောသူများအတွက်လည်း Oscilloscope သဘောတရားများကို Simulation
Software များ ၊ apk များနှင့် အသုံးပြုပြီး လေ့လာနိုင်ပုံကိုလည်း ရေးသားဖော်ပြပေးထား ပါတယ်။
- Oscilloscope အနေဖြင့် ID501070 PC Oscilloscope နှင့် SDS1022 Digital Oscilloscope တို့အား ကိုင်တွယ်အသုံးပြု
တိုင်းတာခြင်းပြုလုပ်ပုံများကို အသေးစိတ်ရေးသားဖော်ပြပေးထားပါတယ်။
- မည်သည့် Oscilloscope အမျိုးအစားဖြစ်ပါစေ ၄င်းကို ကိုင်တွယ်အသုံးပြုမယ်ဆိုရင်0scilloscope တစ်လုံးမှာပါဝင်သော အခြေခံအကျဆုံးအချက်များနှင့် သဘောတရားများကို အလွယ်တကူ သိရှိနိုင်စေရန် ရေးသားဖော်ပြပေးထားပါတယ်
- Digital Multimeter အမျိုးအစားထဲမှာဆိုရင် အခြေခံတိုင်းတာခြင်းတွေဝင်တဲ့ Resistance Voltage Curent တဲ့ လုပ်ဆောင်ချက်တွေအပြင် အခြားသော Special Function ဖြစ်တဲ့ Smart Phone နှင့် ချိတ်ဆက်ပြီးတော့ တိုင်းသာခြင်း ပြုလုပ်နိုင်တဲ့ HP-90EPD Digital Multimeter အကြောင်းကို ရေးသားဖော်ပြပေးထားပါတယ်။
ဒါ့အပြင် DC Power Supply နှင့် 8 Channel Logic Analyzer တို့အသုံးပြုပုံကိုလည်း ရေးသားဖော်ပြပေးထားပါတယ်။
ယခု Basic Electronic Engineering (Measurements) Volume 1 စာအုပ်နှင့်အတူ တွဲဖက်ပါဝင်တဲ့ DVD ခွေထဲမှာ Software များ ၊ apk များနှင့်အတူ သင်ထောက်ကူ Video ဖိုင်များကိုလည်း ထည့်သွင်းပေးထားပါတယ်။
========================
စာရေးသူ–ကိုမျိုး(အီလက်ထရောနစ်)
စာမျက်နှာ–၄၁၁
-----------------------------------------------------
Reviews
Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.